Events
International Green Week 2021
Updated At: 2020-06-25 05:44:48
“International Green Week 2021” ပြပွဲကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှ ၂၄ ရက်နေ့အထိ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ပြပွဲတက်ရောက်ပါရန် ဖိတ်ကြားလာပါသည်။
ကမ္ဘာ့နိုင်ငံများမှ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းရှင်များ တွေ့ဆုံမှုဖြစ်သည့် IGW အား ဂျာမနီ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပမည့် ကမ္ဘာ့စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးဖိုရမ်(Global Forum for Food and Agricultural- GFFA) ကိုလည်း တစ်နေရာ တည်းတွင် ကျင်းပသွားမည်ဖြစ်ပါသဖြင့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုများအား သက်ဆိုင်ရာနိုင်ငံ ပြခန်းများ၌ ပြုလုပ်သွားနိုင်ကြောင်း၊ ကမ္ဘာအနှံရင်ဆိုင်ကြုံတွေ့နေရသော COVID- 19 ကပ်ရောဂါ စိန်ခေါ်မှုများကို အကြောင်းပြု၍ ကမ္ဘာတစ်ဝန်းစားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေး မူဝါဒဆိုင်ရာ ဆွေးနွေးမှုများကိုလည်း အင်တိုက်အားတိုက် ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ပြခန်းပြသမည်ဆိုပါက ၂၁-၈-၂၀၂၀ ရက်နေ့ နောက်ဆုံးထားလျှောက်ထားနိုင်ပါကြောင်း၊ IGW- 2021ပြပွဲ ဆိုင်ရာအချက်အလက်များအား www.gruenewoche.com တွင် လေ့လာနိုင်ကြောင်းသိရှိရပါသည်။
ပြပွဲဆိုင်ရာအချက်အလက်များသိရှိလိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ရုံးအမှတ်(၃)၊ နေပြည်တော်၊ ဖုန်း- ၀၆၇-၃၄၀၈၆၀၈၊ ၀၆၇-၃၄၀၈၆၂၂၊ ၀၆၇-၃၄၀၈၆၂၃ နှင့် email:moctradefair@ gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေး ပါသည်။
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026